မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေလှောင်တမံ အခိုင်အမာပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

 



နေပြည်တော် မတ် ၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် မယ်ဇလီကျင်း ကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံ အခိုင်အမာပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက ဆင်သေရေလှောင်တမံ ပြန်လည်ပြုပြင်မည့် ဒီဇိုင်းပုံစံများ၊ လအလိုက် ဆောင်ရွက်ရန်လျာထားမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံ ပြန်လည်ပြုပြင်ရာတွင် ပိုမိုခိုင်ခံ့ပြီး ရေရှည်လုံခြုံစိတ်ချနိုင်ရေး အတွက် သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး အထူးအလေး ထား ဆောင်ရွက်ကြရန်၊ ရေလှောင် တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေး ကို Dam Monitoring စောင့်ကြည့် တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ် ဆောင်ရွက်ကြရန်နှင့် နွေစပါးအပါ အဝင် အခြားနွေသီးနှံလျာထား စိုက်ဧကများအတိုင်း လုံလောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံ ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိသော တမံ Rock Toe ရေစစ်ကျောက်ရိုးစီခြင်း၊ မြေကြီးဖို့ခြင်း၊ တမံနှင့်ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ဆင်သေရေလှောင်တမံသည် ဒေသခံတောင်သူများ ရာသီအလိုက် နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများ အချိန်မီအောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေ ပေးလျက်ရှိသော ရေလှောင်တမံ တစ်ခုဖြစ်ကာ ဆင်သေရေလှောင် တမံအနေဖြင့် ယခု ၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကပေါင်း ၁၁၅၈၀ ရှိသည့်အနက် ယနေ့အထိ နွေစပါး ၅၃၇၉ ဧကကို စိုက်ပျိုးရေ ပေးဝေထားရှိပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေ ဆက်လက် ပေးဝေလျက်ရှိသည်။


ထို့နောက် ဒုတိယဝန်ကြီး သည် တပ်ကုန်းမြို့နယ် သရက်ကွင်း ကျေးရွာအနီး၌ ဆင်သေရေလွှဲ ဆည်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှု၊ ရေလွှဲဆည်အူကြောင်း (Align-ment) ရွေးချယ်ထားရှိမှု၊ သတ်မှတ် ဒီဇိုင်းပုံစံအရ မြေပြင်နေအထားနှင့် ကိုက်ညီမှုရှိ၊မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။


ယင်းနောက် ဆင်သေ ရေသောက်စနစ် လက်ဝဲလက်တံ (၁) မြောင်းအဖျားပိုင်းအထိ နွေစပါး နှင့် နွေအခြားသီးနှံ စိုက်ပျိုးရေ ပေးဝေမှုနှင့် ရေဆင်းဆည်ရေ သောက်စနစ် ဧရိယာအတွင်း လက်ယာလက်တံ(၂) မြောင်းမကြီး မှ စိုက်ပျိုးရေပေးဝေနေမှု အခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေကို စနစ်တကျ အကျိုးရှိ စွာသုံးစွဲကြရန်၊ မြောင်းဖျားပိုင်းရှိ လယ်ကွက်များအထိ စိုက်ပျိုးရေ မျှတစွာ ရရှိစေရန်နှင့် စိုက်ပျိုးရေ ရယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ရေဆင်း ရေလှောင်တမံ အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် အတွင်း နွေစပါး ၆၂၄၆ ဧက၊ နွေ အခြားသီးနှံ ဧက ၁၁၈၀ စုစုပေါင်း ၇၄၂၆ ဧကကို စိုက်ပျိုးရေပေးဝေ ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်



No comments

Powered by Blogger.