လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် ပြေးဆွဲနေသည့် ရထားများ၏ လက်မှတ်ခ မြင့်တက်
ဟနွိုင်း မတ် ၉
လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့်
ဗီယက်နမ်နိုင်ငံတွင် ပြေးဆွဲနေသည့် ရထားများ၏ လက်မှတ်ခကို ၁၀ ရာခိုင်နှုန်းနှင့် ကုန်ပစ္စည်းဆိုင်ရာ ကျသင့်ငွေတန်ဖိုးကို ၂၀ ရာခိုင်နှုန်းအထိ
မြှင့်တင်မည်ဖြစ်ကြောင်း ဗီယက်နမ် ရထားသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်
ပဋိပက္ခများအရ လောင်စာဆီဈေးကွက် မတည်ငြိမ်မှု ကြောင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို
ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ခြင်းဖြစ် ကြောင်း
ဗီယက်နမ်သတင်းအေဂျင်စီက ပြောကြားသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်ချိန်တွင် တွေ့ကြုံရသည့်
ဖိအားကို ထည့်သွင်းစဉ်းစားကာ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကုမ္ပဏီမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံအတွင်း ဒီဇယ်ဆီ
တစ်လီတာဈေးနှုန်းသည် ဗီယက်နမ်ဒေါင် ၃၀၂၃၀ ရှိကြောင်း ရာခိုင်နှုန်း အားဖြင့် ၃၁ ဒသမ ၂၆ ရာခိုင်နှုန်း
မြင့်တက်လာကြောင်း ဗီယက်နမ်အမျိုးသား လောင်စာဆီအုပ်စု က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments