စစ်ကိုင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို



စစ်ကိုင်း မတ် ၁၂

           

စစ်ကိုင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှစ၍ စာစစ်ဌာနများအလိုက် ‌ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


စစ်ကိုင်းမြို့တွင် အထက(၁)၊ အထက(၂)၊ အထက(၂)(က်မှု၊ စိုက်ပျိုး၊ မွေးမြူရေး)၊ အထက(၃)၊ အထက(ရွှေမင်းဝံ) စသည့်စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၂၀၂၉)ဦးနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူ(၂၂)ဦးရှိပြီး စုစုပေါင်း (၂၀၅၁)ဦးရှိရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ(၁၉၄၉)ဦး၊ ပျက်ကွက်သူ(၁၀၂)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒသမ ၉၇ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အဆိုပါ စာစစ်ဌာနငါးခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်စွာမောင်စိုး၊   ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အချိုရည်နှင့်မုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။       

နေလင်းအောင်(ပြန်/ဆက်)

No comments

Powered by Blogger.