ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို


ဘားအံ မတ်   ၁၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ စတင်ဖြေဆိုလျှက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ အင်္ဂလိပ်စာဘာသာရပ်ကို  ကျောင်းသား ကျောင်းသူ (၂၂၇၅)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။       

တက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးခြင်းကို ဘားအံမြို့နယ်တွင် အထက(၁)ဘားအံ စာစစ်ဌာန၊  အထက(၂) ဘားအံစာစစ်ဌာန၊ အထက(၃) ဘားအံစာစစ်ဌာန၊ အထက(၄) ဘားအံစာစစ်ဌာနတို့တွင် ဖြေဆိုရန် စာရင်းသွင်းထားသော ကျောင်းသား ကျောင်းသူ (၂၂၄၁)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၂၁၆၃)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၅၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

No comments

Powered by Blogger.