AIA Coaching Clinic 2026 အတွက် သင်တန်းသား ခုနစ်ဦး ရွေးချယ်ခံရ



နေပြည်တော် ဧပြီ ၂၆

 

AIA Coachin Clinic 2026 သို့ တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲ အခမ်းအနားကို ဧပြီ ၂၅ ရက်က ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ (Academy Artificial Turf) ၌ ကျင်းပရာ သင်တန်းသား ခုနစ်ဦး ရွေးချယ်ခံရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပပြီး AYA Bank က အဓိကကူညီပံ့ပိုးထားသည့် MFF Summer Football Skills Course 2026 (ရန်ကုန် Batch 1) သင်တန်းများမှ အကောင်းဆုံးသင်တန်းသား ခုနစ်ဦးဖြစ်သည့် ဇေရဲပိုင်၊ ယွန်းယွန်း၊ ပြည့်ဖြိုးဇော်၊ ဖုန်းပြည့်လျှံ၊ မြူနှင်းချို၊ နေခြည်ထွန်းနှင့် ခန့်ညီညီလင်းတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ရွေးချယ်ခံရသည့် အဆိုပါလူငယ်ကစားသမားများသည် လာမည့် မေ ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် AIA Coaching Clinic 2026 သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကာ England Football Association အဆင့်ရှိ နိုင်ငံတကာနည်းပြများထံမှ ကမ္ဘာ့အဆင့်မီ ဘောလုံးနည်းစနစ်များကို အထူးသင်ကြားလေ့ကျင့်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ဇော်ဘီ

ဓာတ်ပုံ - MFF

No comments

Powered by Blogger.