Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများ စိစစ်ရောင်းချမှုအား ကြည့်ရှုစစ်ဆေး

 


ချမ်းမြသာစည် ဧပြီ ၁

 

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများနှင့်အတူ ပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများ စိစစ်ရောင်းချ​ပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးလျက်ရှိသည်။

 

ဦးစွာ မန္တလေးမြို့ပေါ်ရှိ နာမည်ကြီး စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် MEC၊ Denko၊ BOC အရောင်းဆိုင်များနှင့် အခြားစက်သုံးဆီ အရောင်းဆိုင်များသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့် ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး စုံ/မ အက္ခရာခွဲခြားကာ တစ်ပတ်လျှင် နှစ်ကြိမ် အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများ စိစစ်ရောင်းချမှုကြောင့် ဧပြီ ၁ ရက်မှစ၍ ပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့လာပြီး အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများ ပိုမိုလျှော့နည်းသွားကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူစေလိုကြောင်း၊ မလိုအပ်ဘဲ ဆီများသိုလှောင်ခြင်း မပြုလုပ်ရန်နှင့် ပြည်သူများကလည်း စနစ်တကျ တန်းစီပေးစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.