ကျောင်းကုန်းမြို့၌ နွေရာသီ အင်္ဂလိပ်စာ (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
ကျောင်းကုန်း ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ နွေရာသီ အင်္ဂလိပ်စာ(အခြေခံ) သင်တန်း ဆင်းပွဲကို မတ် ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက သင်တန်းဆင်း အမှာစကားပြောကြားပြီး ပန်းချီဆရာ ဦးအေးကိုအား ဂုဏ်ပြု လက်ဆောင် ပေးအပ်သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က အင်္ဂလိပ်စာ ဆရာမဒေါ်လှလှသက်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ပြီး အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက အလှူငွေကျပ် ငါးသောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments