ကန့်ဘလူမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 


ကန့်ဘလူ ဧပြီ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ အခမဲ့စမ်းသပ် စစ်ဆေးဆောင်ရွက်ပေးသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့် ဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ခါးနာ၊ ဒူးနာ စသည့်အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်း၊ ရောဂါဝေဒနာရှင်အလိုက် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်းဝင်းငြိမ်း(ကန့်ဘလူ)

No comments

Powered by Blogger.