မူဆယ်မြို့၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
မူဆယ် ဧပြီ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင်
အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့်
အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို
မူဆယ်မြို့ တောင်ရပ်ကွက် ချယ်ရီခန်းမတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၆ ခုနှစ်အတွင်း
ဖြစ်ပေါ်လာသည့် အစိုးရသစ်လက်ထက်တွင် အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍
ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေး
ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်းပြောင်းနှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင် ၃(က) ကျား လေးဦး၊ မ ရှစ်ဦး စုစုပေါင်း ၁၂ ဦး၊ မွေးတိုး ကျား ၂၁ ဦး၊ မ ၂၀ စုစုပေါင်း
၄၁ ဦး၊ သေဆုံး ကျား ၁၅ ဦး၊ မ ရှစ်ဦး စုစုပေါင်း ၂၃ ဦးဖြစ်ပြီး ယနေ့အတွက် ဆောင်ရွက်နိုင်ခဲ့သည့်
အရေအတွက်မှာ ၇၆ ဦး ရှိသည်။
ဆက်လက်၍ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်
အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်နေမှုကို မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန မူဆယ်မြို့နယ် ဦးစီးမှူး ဦးဆလိုင်းဟေမန်ထွန်းနှင့် ဝန်ထမ်းများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments