ချယ်လ်ဆီးအသင်း ပရီမီယာလိဂ်လေးပွဲဆက် ရှုံးပွဲကြုံတွေ့



ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ ဧည့်သည်အဖြစ်  လာရောက်ကစားခဲ့တဲ့ မန်ယူအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါ တယ်။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ပထမပိုင်းပွဲကစားချိန် ၄၃ မိနစ်မှာ ရရှိခဲ့တဲ့ ကွန်ဟာရဲ့ တစ်လုံးတည်း သော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ကွန်ဟာ ဂိုးသွင်းနိုင်ရေး ဖန်တီးပံ့ပိုးပေးခဲ့တဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက် ကတော့ ယခု‌ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ဂိုးဖန်တီးပေးမှု ၁၈ ကြိမ်အထိ  ရှိလာခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၃၃ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၈ မှတ်အထိ စုဆောင်း နိုင်ခဲ့ကာ  အမှတ်ပေးဇယား  အဆင့်(၃)နေရာမှာ   ရပ်တည်နေပေမယ့်  လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့အတွက်ကတော့ လက်ကျန်ငါးပွဲကနေ ရမှတ်ရှစ်မှတ်အထိ ရရှိဖို့လိုအပ် နေသေးတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းစတမ်းဖို့ဒ် ဘရစ်ခ်ျမှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်လေးပွဲဆက်  ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြစ်တဲ့ အပြင် လက်ရှိအချိန်မှာ ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့်(၆)နေရာမှာ ရပ်တည်နေတာကြောင့် လာမယ့်ဘောလုံးရာသီ   ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရုန်းကန်ရအုံးမှာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.