မအူပင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

 


မအူပင် ဧပြီ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ထနီးရွာကြီးပိုင်းကျေးရွာ ညောင်ပင်သာရွှေကျင် ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် Unique ID နံပါတ်မရှိသူများ ထုတ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သည်။

 

ကွင်းဆင်းဆောင်ရွက်

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကျော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက်ကွင်းဆင်း၍ အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား ကျောင်းသူများအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်း၊ Unique ID နံပါတ်များ ထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ မြေစာရင်းဦးစီးဌာနမှ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးလိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

အဆိုပါ ရက်(၁၀၀) စီမံချက်လုပ်ငန်းဆောင်ရွက်ချက်များကိုဒေသခံပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းဒန်တို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ထနီးကျေးရွာအုပ်စု ရွာကြီးပိုင်းကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပြည်သူ့အစိုးရ ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံချက်များနှင့်ပတ်သက်၍ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)

No comments

Powered by Blogger.