ဆောက်သမ်တန်အသင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့် ပထမဆုံး အကြိမ် တက်လှမ်း
ဆောက်သမ်တန်အသင်းဟာ ဧပြီ
၅ ရက်နံနက်ပိုင်းက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ
အနိုင်ရရှိပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့် တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ
ဆောက်သမ်တန်အသင်းက အာဆင်နယ် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဆောက်သမ်တန်အသင်းအတွက်
သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၅ မိနစ်မှာ စတီးဝက်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန်
၈၅ မိနစ်မှာ ချားလက်စ်က တစ်ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့
ဒုတိယပိုင်းပွဲကစားချိန် ၆၈ မိနစ်မှာ ဂျိုကာရက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းအနေနဲ့ အခုပွဲစဉ်မှာ
၁၉၇၆ ခုနှစ်က အက်ဖ်အေဖလားရရှိခဲ့တဲ့ နှစ်(၅၀) ပြည့်အဖြစ် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့ပြီး အာဆင်နယ်အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပထမဆုံးအကြိမ်တက်လှမ်း
ဆောက်သမ်တန်အသင်းဟာ အာဆင်နယ်အသင်းကို
အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲ
ဆီမီးဖိုင်နယ်အဆင့်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာလည်း
ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ကာရာဘောင်ဖလားပြိုင်ပွဲ
ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့် ခဲ့ပြီးနောက် ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရတဲ့အပြင်
ယခုအက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လည်း ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်
တစ်ရာသီအတွင်း ဖလားသုံးလုံးရယူနိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရပြီဖြစ်ပါတယ်။
ငွေကြယ်

No comments