ကီယန်ထရစ်ပီယာ ယခုဘောလုံးရာသီကုန်တွင် နယူးကာဆယ်အသင်းမှ ထွက်ခွာမည်



နောက်တန်းကစားသမား ကီယန်ထရစ်ပီယာဟာ ယခုဘောလုံးရာသီကုန်မှာ နယူးကာဆယ် အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ထရစ်ပီယာဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက အက်သလက်တီကို မက်ဒရစ်အသင်းကနေ  ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နယူးကာဆယ်အသင်း အတွက် ပွဲစဉ်စုစုပေါင်း ၁၅၃၈ ပွဲ ပါဝင်ကစားပေးထားတာလည်း ဖြစ်ပါတယ်။

ထရစ်ပီယာဟာ ၂၀၂၄ ခုနှစ်အတွင်းက အင်္ဂလန်နိုင်ငံ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူ ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၅၄ ပွဲ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါ တယ်။

ထရစ်ပီယာဟာ နယူးကာဆယ်အသင်းအပြင် ဘန်လေအသင်း၊ မန်စီးတီးအသင်းနဲ့ စပါးအသင်း တို့မှာလည်း ပါဝင်ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်

No comments

Powered by Blogger.