တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပဆင်နွှဲ
နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ်
၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်
အကျနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာ
မဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ
အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊
အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
ထိုသို့
ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ကို ဆက်လက်ဆင်နွှဲလျက်ရှိရာ
နေပြည်တော် တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင် မဏ္ဍပ်၌လည်းကောင်း၊
မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာအတာသင်္ကြန်
ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန်
နေဝန်းနီသင်္ကြန် အတာရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်
ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊
တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစု မဟာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊
အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန် ရေကစားမဏ္ဍပ်၌လည်းကောင်း၊
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊
ရန်ကုန်တိုင်းစစ်ဌာနချုပ် မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော် မဏ္ဍပ်၌လည်းကောင်း၊
အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့်
မင်္ဂလာမန္တလေး မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ တပ်နယ်အသီးသီးရှိ
ရေကစားမဏ္ဍပ်များ၌လည်းကောင်း အတာရေသဘင်ပွဲများ ဆက်လက် ဆင်နွှဲကြရာ
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်
အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍
အတာသင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
အလားတူ
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အတာသင်္ကြန်မဏ္ဍပ်များ၌
မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊
အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု
အစဉ်အလာများနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေ ပက်ဖြန်းပေးပြီး
မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲကြသည်။
ထို့ပြင်
ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊
ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော် ကို ဆင်နွှဲခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်
No comments