မြောင်းမြ၌ မဟာသင်္ကြန်အကျနေ့ ရေကစားသူများဖြင့် စည်ကား
မြောင်းမြ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး
မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်
မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင်
တေးသီချင်းဖျော်ဖြေရေးများ၊ ယိမ်းအကများ၊ ရေကစားသူ များနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရေသဘင်ပွဲ
ဆင်နွှဲနေကြသော ပြည်သူများ၊ ရေပက်ခံထွက်လာကြသူများ၊ မြို့မိမြို့ဖများနှင့်
ဌာနဆိုင်ရာ ဝန်ထမ်းများအား စတုဒိသာအဖြစ် ဌာနဆိုင်ရာများက ကျွေးမွေးဧည့်ခံပြီး
အတာရေ ပက်ဖျန်းကစားကြသူများ၊ သင်္ကြန်ချစ်သူ ပြည်သူများက အတာရေသဘင်
လမ်းလျှောက်သင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာ ရေကစားကာ စည်ကားလျက်ရှိသည်။
မြောင်းမြမြို့
မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိုဖများက ပြည်သူများ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ
ပျော်ရွှင်စွာဆင်နွှဲနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments