တိုက်ကြီးမြို့နယ် နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် အချိုရည်နှင့် မုန့်များ လာရောက်လှူဒါန်း

 


တိုက်ကြီး ဧပြီ ၉

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အချိုရည်နှင့်မုန့်များ လာရောက်လှူဒါန်းသည်။

 

အဆိုပါသင်တန်းကို မတ် ၂၃ ရက်မှ ဧပြီ ၁၀ ရက်အထိ နည်းပြဆရာမ နှစ်ဦးက သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ ၃၀ အား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းတင်စန်းရှိန်နှင့် အဖွဲ့ဝင်များက အချိုရည်နှင့် မုန့်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.