နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားသို့ တက်ရောက်မည့် ပြည်ပအစိုးရကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိ
နေပြည်တော် ဧပြီ ၉
ဧပြီ ၁၀ ရက်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားသို့ တက်ရောက်မည့် ပြည်ပနိုင်ငံအစိုးရ ကိုယ်စားလှယ်များသည် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရောက်ရှိကြသည်။ ယင်းကိုယ်စားလှယ်များကို နေပြည်တော် တပ်မတော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
သတင်းစဉ်

No comments