လက်ပံတန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
လက်ပံတန်း ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် လုံးဝမပြုလုပ်ရသေးသူများအား လူဝင်မှုကြီးကြပ်ရေးမှူး ဦးညိုမှိုင်းအောင် ဦးဆောင်သောအဖွဲ့က မြင်ကဝကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ် ၂၁၈ ကတ်နှင့် UID ကတ် ၃၇ကတ်အား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
.jpg)
No comments