စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ လက်လီလက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကျင်းပ
ရန်ကုန် ဧပြီ ၉
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊
လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သန်လျင်မြို့
မြို့ဟောင်းအနောက် ရပ်ကွက်ရှိ Excel River View Hotel ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးမိုးက အမှာစကားပြောကြားသည်။
ထို့နောက် သန်လျင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဇော်ကိုကိုက စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေမှုများနှင့်
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး
စားအုန်းဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စားအုန်းဆီ
တင်သွင်းဖြန့်ဖြူးပေးနေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး

No comments