ကြို့ပင်ကောက်မြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး စစ်ဆေး

 


ကြို့ပင်ကောက် ဧပြီ ၉

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

 

စားအုန်းဆီဖြန့် ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ/မရှိကို စစ်ဆေးပြီး လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ကြို့ပင်ကောက်မြို့နယ်အတွင်း အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ် တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ်တစ်ဦး၊ လက်လီအရောင်း ၁၆ ဦးက တစ်လလျှင် ဆီ ၃၈၉ ပီပါကို ကျေးရွာအုပ်စု ၃၉ အုပ်စု၊ မြို့ပေါ် ၁၀ ရပ်ကွက်တို့အား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပင်စင်စားများအားလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.