တရုတ်နိုင်ငံ အာကာသယာဉ်မှူးများ လေ့ကျင့်ရေးအတွက် ပထမဆုံး နိုင်ငံခြားသား အာကာသ ယာဉ်မှူးအဖြစ် ပါကစ္စတန်နိုင်ငံသား နှစ်ဦးကို ရွေးချယ်
ပေကျင်း ဧပြီ
၂၂
တရုတ်နိုင်ငံ အာကာသယာဉ်မှူးများ
လေ့ကျင့်ရေးအတွက် ပထမဆုံး နိုင်ငံခြားသား အာကာသ ယာဉ်မှူးအဖြစ် ပါကစ္စတန်နိုင်ငံသား နှစ်ဦးကို ရွေးချယ်ခဲ့ကြောင်း တရုတ်အာကာသအေဂျင်စီက ယနေ့ ပြောကြားခဲ့သည်။
အဆိုပါဆောင်ရွက်ချက်သည် တရုတ်အာကာသစခန်းနှင့်
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် အထင်ကရအောင်မြင်မှုဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီက
ပြောကြားခဲ့သည်။
မိုဟာမက် ဇီရှန်အလီနှင့်
ကူရမ်ဒက်တို့က အာကာသယာဉ်မှူးများ လေ့ကျင့်ရေးသင်တန်းအတွက်
တရုတ်နိုင်ငံသို့ မကြာမီလာရောက်မည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။
၎င်းတို့၏ လေ့ကျင့်မှုအပေါ်
အကဲဖြတ်ပြီးနောက် ၎င်းတို့အနက် တစ်ဦးသည်
Tiangong အာကာသ စခန်းတွင် ပထမဆုံးနိုင်ငံခြားသား အာကာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ လူလိုက်ပါသည့်
အာကာသအစီအစဉ်အတွက် ပထမဆုံးသော နိုင်ငံခြားသား အာကာသယာဉ်မှူးများ ရွေးချယ်မှုကို ဧပြီလအစောပိုင်းတွင်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ် အာကာသအေဂျင်စီက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments