ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်
ဖနောင်ပင် ဧပြီ ၂၃
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား
ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်
ဟွန်မာနတ်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ဝမ်ယိနှင့် ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့အား ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနောင်ပင်တွင် ဧပြီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒနှင့်
တရုတ် တစ်နိုင်ငံ တည်း မူဝါဒကိုသာ လက်ခံကျင့်သုံးနေကြောင်း ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်
အဆင့်မြင့်ဆက်သွယ်ဆက်ဆံမှုများကို မြှင့်တင် ဆောင်ရွက်မည်ဖြစ်ပြီး သန့်ရှင်းသည့်စွမ်းအင်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံနှင့်
အရည် အသွေးမြှင့်တင်ရေးကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်ဖြစ်
ကြောင်း ၎င်းက ပြောကြားသည်။ တရုတ်နိုင်ငံမှ လုပ်ငန်းများ ကမ္ဘောဒီးယားနိုင်ငံအတွင်း
လာရောက် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုကြောင်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့်
ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ လိမ်လည်မှုများကို တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကုလသမဂ္ဂကဲ့သို့သော စင်္ကြံများမှတစ်ဆင့် တရုတ်နိုင်ငံနှင့်
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယခုဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ကျင်းပသည့် ၂+၂ မဟာဗျူဟာမြောက်
ဆွေးနွေးပွဲ (Strategic Dialogue Mechanism) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
မျက်မှောက် ကမ္ဘာ့အခြေအနေများ ရှုပ်ထွေးနေ ချိန်တွင် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား
စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး
ဝန်ကြီး ဝမ်ယိက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို
မြှင့်တင်မည် ဖြစ်ကာ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်မှုရှိစေရေးတို့အတွက်
ကြိုးပမ်းဆောင်ရွက် မည်ဟု ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြု သည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံနှင့် စပါး၊ ငါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံများကို ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။
မိမိတို့နှစ်နိုင်ငံစလုံးအနေဖြင့် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့် ဆက်သွယ်ရေးကွန်ရက်
ဆိုင်ရာ လိမ်လည်မှုများကို နှိမ်နင်းမည်ဖြစ်ပြီး နိုင်ငံတကာရေးရာကိစ္စရပ်များတွင်လည်း
တရား မျှတမှုကို ကိုင်စွဲကာ အပြန်အလှန် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၎င်းဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကာကွယ်ရေး
ဝန်ကြီး တုန်ကျွင်းက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments