မိုင်းရယ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
မိုင်းရယ် ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အစိုးသစ် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ် ဦးစီးမှူး ဦးသန်းထွန်းအောင် ဦးစီးသည့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းများ၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများနှင့် မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်းပြောင်း ဆောင်ရွက်လိုသူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)

No comments