ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသို့ ယခုနှစ် ပထမလေးလအတွင်း ခရီးသွား ၁၂ သန်းကျော် ရောက်ရှိမည်ဟု ခန့်မှန်း
ဧပြီ ၂၈
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသို့ ယခုနှစ် ပထမလေးလအတွင်း ခရီးသွား ၁၂ ဒသမ ၁၄ သန်း လာရောက်လည်ပတ်ခဲ့ရာ ယခင်နှစ်ကထက် ၂၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
ခရီးသွားလုပ်ငန်းဝင်ငွေသည် ယခင်နှစ်ကထက် ၂၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်ဒေါင် ၅၀ ဒသမ ၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံခန့်) ရရှိမည်ဟု မြူနီစပယ်ခရီးသွားလုပ်ငန်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီလတစ်လတည်းမှာပင် မြို့တော်၌ ခရီးသွား ၃ ဒသမ ၀၉ သန်းခန့် ရှိပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပြည်တွင်းခရီးသွားများ အများဆုံးဖြစ်ကာ ၂ ဒသမ ၃၁ သန်းနှင့် နိုင်ငံတကာခရီးသွား ၇၈၀၁၀၀ ကျော် ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments