အရှေ့အလယ်ပိုင်းတင်းမာမှုကြောင့် တောင်အာဖရိကသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု လျော့နည်း
ဂျိုဟန်နာ့ဘာ့ဂျ် ဧပြီ ၂၂
အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများကြောင့်
လေယာဉ်လောင်စာဆီ ကုန်ကျစရိတ်များ မြင့်တက် လာသကဲ့သို့ ပင်လယ်ကွေ့ဒေသကိုဖြတ်သန်း၍ တောင်အာဖရိကသို့
လာရောက်သော နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုများကိုလည်း ထိခိုက်စေခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက
ဧပြီ ၂၂ ရက်တွင် ပြော ကြားခဲ့သည်။
တောင်အာဖရိက ခရီးသွားဝန်ကြီး ပါထရီ စီယာ ဒီ လီလီက အာရပ်စော်ဘွားများ
ပြည်ထောင်စု၏ ဒူဘိုင်းမြို့နှင့် ကာတာနိုင်ငံ၏ ဒိုဟာမြို့တို့ကဲ့သို့သော ပင်လယ်ကွေ့ဒေသများမှ
နိုင်ငံတကာခရီး သွားအချို့သည် လုံခြုံရေးဆိုင်ရာ
စိုးရိမ်မှုများကြောင့် လေကြောင်းခရီးစဉ်များကို
ဖျက်သိမ်းခဲ့ကြ သည်ဟု မေလ ၁၁ ရက်မှ ၁၄ ရက်အထိ
ကျင်းပရန်စီစဉ်ထားသော အာဖရိက ခရီးသွားလုပ်ငန်းပြပွဲ
၂၀၂၆ အတွက်
စီစဉ်မှုများအကြောင်း ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများ၏ သက်ရောက်မှုတစ်ရပ်အဖြစ် လေ ယာဉ်လောင်စာဆီကုန်ကျစရိတ်များ
မြင့်တက်လာပြီး လေယာဉ်လက်မှတ်ခများလည်း တိုးမြင့်လာ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် တောင်အာဖရိကနိုင်ငံသည် ဒေသတွင်း
ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကိုလည်း တောင်းဆိုထားကြောင်း သိရသည်။
တောင်အာဖရိက ခရီးသွားလုပ်ငန်းကောင်စီ၏
အမှုဆောင်အရာရှိချုပ် ရှီဖီဝါ ရှီဗန်ဂွာကလည်း အရှေ့ အလယ်ပိုင်းပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုပုံစံများကို အနှောင့်အယှက်ဖြစ်စေပြီး နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
လေကြောင်းလိုင်းများအနေဖြင့်
စွမ်းဆောင်ရည်အပြည့်အဝ မလည်ပတ်နိုင်သေးသကဲ့သို့ တောင်အာဖရိကသို့ သွားရောက်မည့် ခရီးစဉ်များအတွက် ထိုင်ခုံရရှိမှုကိုလည်း
လျှော့ချထားခြင်းက ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုထိခိုက်စေခဲ့သည်။ ယခုဖြစ်ပေါ်နေသောအခြေအနေများကို
ခရီး သွားလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံးက
အမြန်ဆုံးပြီးဆုံးစေလိုကြောင်းလည်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ
ဓာတ်ပုံ - ဘန်ပေတွန်

No comments