ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ငါးဦး သေဆုံး



ဧပြီ ၂၁

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း  ငါးဦးထက်မနည်း သေဆုံးကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာအလယ်ပိုင်းရှိ Bureij စခန်းတွင် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတိုက်ခိုက်မှုတစ်ခုကြောင့် ဂါဇာမြို့တွင် တစ်ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာများက ဆိုသည်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယွန်နစ်အနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်  သုံးဦး ထက်မနည်းသေဆုံးကြောင်း နတ်ဆာဆေးရုံမှ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား နှစ်နှစ်ကြာစစ်ပွဲအပြီး အောက်တိုဘာလတွင် အမေရိကန်ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သော်လည်း သေဆုံးမှုများရှိရာ အစ္စရေးဘက်က တိုက်ခိုက်မှုအတွက် ပြောကြားခြင်းမရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.