ဂျပန်နိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ပြင်းအားကို ၇ ဒသမ ၇ အဆင့်အထိ ပြင်ဆင်သတ်မှတ်
လာမည့်သီတင်းပတ်အတွင်း အလားတူအားကောင်းသော
ငလျင်များလှုပ်ခတ်နိုင်ကြောင်း သတိပေး
တိုကျို ဧပြီ ၂၀
ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ
အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့၌
လှုပ်ခတ်ခဲ့ သော ငလျင်၏ ပြင်းအားကို ၇ ဒသမ ၅ အဆင့်မှ ၇ ဒသမ ၇ အဆင့်အထိ ပြင်ဆင်သတ်မှတ်
လိုက်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟော့ကိုင်းဒိုး၊ အအိုမိုရီနှင့် အီဝါတေးခရိုင်များ၏ ပစိဖိတ်ကမ်းလွန်၌ ဆူနာမီလှိုင်းများကို တွေ့ရှိခဲ့ပြီး အထူးသဖြင့် အီဝါတေးခရိုင် ကူဂျီဆိပ်ကမ်းတွင် ၈၀ စင်တီမီတာရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ် ခဲ့ကြောင်း၊ မီယာကိုဆိပ်ကမ်းတွင်လည်း ၄၀ စင်တီမီတာရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့
ကြောင်း သိရသည်။
ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဟော့ကိုင်းဒိုး၊ အအိုမိုရီ၊
အီဝါတေး၊ မီယာဂီနှင့် ဖူကူရှီးမားခရိုင်များရှိ လူပေါင်း ၁၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့
ရွှေ့ပြောင်းရန် အမိန့်များ ထုတ်ပြန်ထားသည်။ ထို့ပြင် ဘေးဒဏ်သင့်ဒေသများမှ ဒေသခံများကိုလည်း
ကုန်းမြင့်ပိုင်း သို့မဟုတ်
ပိုမိုမြင့်မားသော နေရာများသို့ ရွှေ့ပြောင်းကြရန်
တိုက်တွန်းထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် တိုကျိုနှင့် ရှင်-အအိုမိုရီဘူတာတို့အကြားရှိ တိုဟိုကူရှင်ကန်ဆန် ကျည်ဆန်ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းခြင်းအပါအဝင်
သယ်ယူပို့ဆောင်ရေးကဏ္ဍများ၌ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ အင်အားပြင်းငလျင်မှာ ဆန်ရီကုကမ်းလွန်၌ ဧပြီ ၂၀ ရက်က
ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင်
အနက် ကီလိုမီတာ ၂၀ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လာမည့် သီတင်းပတ်အတွင်း အလားတူအားကောင်းသော ငလျင်များ
ထပ်မံလှုပ်ခတ်နိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားသည်။
ဆင်ဟွာ

No comments