လက်ရှိချန်ပီယံ ကားလို့စ်အယ်လ်ကာရက်ဇ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲလွဲချော်မည်



လက်ရှိပြင်သစ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ချန်ပီယံ ကားလို့စ်အယ်လ်ကာရက်ဇ်ဟာ လက်ကောက်ဝတ်ဒဏ်ရာ ရရှိထားတာကြောင့် လာမယ့်လမှာကျင်းပမယ့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲနဲ့ ‌လွဲချော်ရတော့မှာဖြစ်ပါတယ်။

 

ကမ္ဘာ့အဆင့် နံပါတ်နှစ် နေရာမှာ ရပ်တည်နေတဲ့ အယ်လ်ကာရက်ဇ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဘာစီလိုနာအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ညာဘက်လက်ကောက်ဝတ် ဒဏ်ရာရရှိခဲ့လို့ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

 

အသက် ၂၂ နှစ်အရွယ်ရှိ စပိန်တင်းနစ်ကစားသမား အယ်လ်ကာ ရက်ဇ်ဟာ လက်ရှိအနေအထားအရ ရွှံ့စေးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲနှစ်ခုဖြစ်တဲ့ အီတလီအိုးပင်းနဲ့ ပြင်သစ်အိုးပင်းနှစ်ခုစလုံးကို လွဲချော်ရဖို့ရှိနေတာ ဖြစ်ပါတယ်။

 

ငွေကြယ် - ရေးသားသည်

No comments

Powered by Blogger.