ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ် ဆာဘယ်လင်ကာ မက်ဒရစ်အိုးပင်း ၁၆ ဦးအဆင့် တက်ရောက်
ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် မက်ဒရစ်အိုးပင်းအမျိုးသမီးတစ်ဦး
ချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ကမ္ဘာ့နံပါတ် (၁) ဘယ်လာရုစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာက
ရိုမေးနီးယားတင်းနစ်မယ် ဂျက်ကလင်း ခရစ္စတီယန်ကို ၆-၁၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ
၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဆာဘယ်လင်ကာသည် အင်ဒီးယန်းဝဲလ်စ်အိုးပင်းနှင့်
မိုင်ယာမီ အိုးပင်းပြိုင်ပွဲတို့တွင် ဖလားဆွတ်ခူးထားသူ ဖြစ်သည်။ ၎င်းသည် မက်ဒရစ်အိုးပင်း
၆၄ ဦးအဆင့်တွင် အမေရိကန်တင်းနစ်မယ် ပေတန် စတန်းမ်နှင့် တွေ့ဆုံခဲ့ပြီး ၇-၅၊ ၆-၃ ရလဒ်ဖြင့်
နိုင်ပွဲရရှိထားသည်။
၎င်းသည် မက်ဒရစ်အိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင်
ဂျပန်နာမည် ကြီးတင်းနစ်မယ် နာအိုမီအိုဆာကာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အိုဆာကာသည်
၃၂ ဦးအဆင့်တွင် ယူကရိန်းတင်းနစ်မယ် ကာလီနီနာ ကို ၆-၁၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ
၁၆ ဦးအဆင့် တက်လှမ်းလာသူ ဖြစ်သည်။
ဆာဘယ်လင်ကာနှင့်အတူ မက်ဒရစ်အိုးပင်းပြိုင်ပွဲ
၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဘင်းဆစ်၊ အန်ဒရေဗာ၊ ဘက်တစ်စတေး၊
ဖာနန်ဒက်စ်၊ နော့စကိုဗာတို့ တက်လှမ်းထားသည်။
မိုးဇက် - စုစည်းရေးသားသည်
%20%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%99%E1%80%9A%E1%80%BA.jpg)
No comments