ဘက်ရဲမြို့၌ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်

 


ကြံခင်း ဧပြီ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကြီးမှူး၍ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

 

သင်တန်းတွင် တိရစ္ဆာန်အမျိုးအစားများနှင့် ဖြစ်ပွားတတ်သော ရောဂါများ၊ အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၏ တာဝန်များ၊ ရောဂါဖြစ်စေသောအကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ၊ ပဋိဇီဝဆေး၊ ကာကွယ်ကုသဆေး စသည့်သင်ခန်းစာများကို သင်တန်းသား ၂၀ အား ၂ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.