ပင်းတယမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 


တောင်ကြီး ဧပြီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧပြီ ၂၅ ရက်က ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် မြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာရှိ အောင်သီဟလယ်ယာနှင့် အထွေထွေစီးပွား‌ရေး လုပ်ငန်းသမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှု၍ အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးများ သွင်းအားစုများ ရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း

No comments

Powered by Blogger.