ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ (အိုပက်)မှ အာရပ်စော်ဘွားများပြည်ထောင်စု နုတ်ထွက်မည်
အဘူဒါဘီ ဧပြီ ၂၉
ရေနံအဓိကထုတ်လုပ်သည့်
နိုင်ငံများအဖွဲ့ (အိုပက်)မှ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ
နုတ်ထွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။ အဆိုပါ
ဆုံးဖြတ်ချက်မှာ မေ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
ထို့ပြင်
ယူအေအီးသည် အိုပက်ပလက်စ်ဟုခေါ်သော ပိုမိုကျယ်ပြန့်သည့် မိတ်ဖက်အဖွဲ့မှလည်း
နုတ်ထွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်သည် ပြောင်းလဲနေသော
စျေးကွက် လိုအပ်ချက်များကို တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး
ရေနံထုတ်လုပ်မှုကိုလည်း ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း
တိုးမြှင့်ထုတ်လုပ်သွားမည်ဟုဆိုသည်။
အိုပက်တွင်
အဖွဲ့ဝင် ၁၂ နိုင်ငံ ပါဝင်ပြီး ၁၉၆၀ ပြည့်နှစ်က အနောက်တိုင်းရေနံကုမ္ပဏီများနှင့်
ယှဉ်ပြိုင် နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိုပက်ပလက်စ်တွင် ရုရှားနှင့်
မက္ကဆီကိုကဲ့သို့သော နိုင်ငံများ ပါဝင်ပြီး အင်အားကြီး ရေနံစျေးကွက်၏
တည်ငြိမ်မှုနှင့် လုံခြုံရေးကို အထောက်အကူပြုထားသည်။
အနောက်မီဒီယာများ၏ အဆိုအရ
ယူအေအီး၏ နုတ်ထွက်မှုသည် အဖွဲ့ဝင်နိုင်ငံများကြား ရေနံ ထုတ်လုပ်မှုမူဝါဒနှင့်
အဖွဲ့ဝင်နိုင်ငံများ၏ ပဋိပက္ခတင်းမာမှုအပေါ် တုံ့ပြန်မှုများနှင့် ပတ်သက်၍ သဘောထား
ကွဲလွဲမှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဘလွန်းဘာ့ဂျ် သတင်းဌာနကလည်း
ယင်းနုတ်ထွက်မှုသည် အိုပက်အတွက် အရေးပါသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီးအဖွဲ့၏
ဖွဲ့စည်းပုံ အားနည်းသွား စေနိုင်ကြောင်း သုံးသပ်ထားသည်။
အင်န်အိတ်ချ်ကေ
No comments