ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း လေပြင်းဒဏ်သင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၂၉
သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့
နံနက်ပိုင်းက ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအနက်
ပြည်ထောင်စုဝန်ကြီးရုံး သမဝါယမဦးစီး ဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ
ဝန်ထမ်းများ၏ ယာယီဝန်ထမ်းအိမ်ရာများတွင် နေထိုင်နေမှုကို
သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည်
ယမန်နေ့ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် အဆိုပါ
ယာယီဝန်ထမ်းအိမ်ရာအချို့ အမိုးလန်ခြင်းနှင့် အခြားသောထိခိုက်ပျက်စီးမှုများကို
လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အမိုးအကာများ အမြန်ဆုံးပြီးစီးအောင်
ပြန်လည်ပြုပြင်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ
ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments