အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရေးသည် အီရန်နိုင်ငံ၏ လိုလားချက်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူ ပြောကြား

 




အစ္စလာမ္မာဘတ် ဧပြီ ၇


အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ရပ်တန့်ရေးသည် အီရန်နိုင်ငံ၏ လိုလားချက်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရီဆာ အယ်မီရီမိုဟာဒန်က ဧပြီ ၇ ရက်တွင် ပြောကြားသည်။


အီရန်နိုင်ငံအား ကျူးကျော်တိုက်ခိုက်မှုများ မပြုလုပ်ရန်လည်း ပန်ကြားကြောင်း ၎င်းက ပြောကြားသည်။ အီရန်အနေဖြင့် သံတမန်နည်းလမ်းဖြင့် ယခုပဋိပက္ခအတွက် ရေရှည်တည်တံ့သည့် အဖြေရရှိသည်အထိ ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ခိုင်မာသည့် ကတိကဝတ်များ မပါရှိသည့် ငြိမ်းချမ်းရေး အဆိုပြုချက်များကြောင့် ပဋိပက္ခဖြေရှင်းရန် အခက်အခဲများ ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်နှင့် အမေရိကန်ကြား ပဋိပက္ခကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ပါကစ္စတန်နိုင်ငံက ကြားဝင်ညှိနှိုင်းလျက်ရှိသည်။ အီရန်နှင့် ပါကစ္စတန်ကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အရှေ့အလယ်ပိုင်းအရေး ပြေလည်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ ညှိနှိုင်း ဆွေးနွေးမှုများနှင့်အတူ စစ်ရေးအရ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ပါက ဆွေးနွေးမှု မအောင်မြင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။


ခေတ္တ အပစ်အခတ်ရပ်စဲခြင်းထက် ငြိမ်းချမ်းရေးအပြီးတိုင်ရရှိရေး ဆောင်ရွက်ခြင်းကသာ ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.