မီတာကုမ္ပဏီက မက်ဆင်ဂျာ အက်ပလီကေးရှင်းကို ရပ်ဆိုင်းမည်



ဟနွိုင်း   ဧပြီ  

ဖေ့စ်ဘွတ်၏ ပင်ရင်းလုပ်ငန်းဖြစ်သည့် မီတာသည် ဖေ့စ်ဘွတ်တွင် သတင်းစကားများ ပေးပို့ ဆက်သွယ်နိုင်သည့် ဒက်စတော့စ်ကွန်ပျူတာသုံး မက်ဆင်ဂျာအက်ပလီကေးရှင်းကို ဧပြီ ၁၆ ရက်မှ စတင်၍ ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

ယခုဆောင်ရွက်မည့် အစီအစဉ်အရ လူမှုမီဒီယာသုံးစွဲသူများသည် ဒက်စတော့စ်ကွန်ပျူတာသုံး မက်ဆင်ဂျာအက်ပလီကေးရှင်းကို ဆက်လက်သုံးစွဲလိုပါက ဖေ့စ်ဘွတ်အကောင့်ထပ်မံဖွင့်လှစ်ရန် မလိုဘဲ သုံးစွဲနိုင်ကြောင်း သိရသည်။ ဖေ့စ်ဘွတ်အပလီကေးရှင်းနှင့် မက်ဆင်ဂျာအက်ပလီကေး ရှင်းကို သီးခြားစီခွဲ၍ ရပ်တည်ရန် ဖေ့စ်ဘွတ်က ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

မက်ဆင်ဂျာအက်ပလီကေးရှင်းကို ၂၀၀၈ ခုနှစ်တွင် Facebook Chat အဖြစ် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်    အများကြိုက်သော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဖေ့စ်ဘွတ်သည် ၎င်း၏ ပင်မမိုဘိုင်းအက်ပ်မှ စာတိုပေးပို့ခြင်းကို ကန့်သတ်ခဲ့ပြီး   သုံးစွဲသူများအား  သီးခြားလွတ်လပ်သော  မက်ဆင်ဂျာပလပ်ဖောင်း အသုံးပြုရန် ညွှန်ကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် မီတာသည် မက်ဆင်ဂျာကို ဖေ့စ်ဘွတ်အက်ပ်နှင့်  ပြန်လည်ပေါင်းစည်းခဲ့ပြီး နောက်ပိုင်းတွင်   ၎င်း၏  သီးခြား ဒက်စတော့စ်ဝန်ဆောင်မှုများကို တဖြည်းဖြည်းရပ်ဆိုင်းခဲ့သည်။       

ကိုးကား-VN Express

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.