တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ထားဝယ်မြို့ ထားဝယ်တပ်နယ်မဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစား မဏ္ဍပ်များတွင် ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး



ထားဝယ် ဧပြီ ၁၅

 

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ထားဝယ် တပ်နယ်မဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှည့်လည် ကြည့်ရှု အားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန် ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေ နေမှုများကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များ၊ သီဆိုဖျော်ဖြေသည့် တေးသံရှင်များအား ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ပြီး သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲသော ဒေသခံပြည်သူများအား အချိုရည်ဘူးများ ဝေငှပေးသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများ၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးသည်။ ထားဝယ်တပ်နယ်နှင့်ဌာနဆိုင်ရာ ရေကစား မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ဧည့်ခံ ဖျော်ဖြေနေမှုများဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာမိသားစုဝင်များ ပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။

 

ထားဝယ်မြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိပြီး မဏ္ဍပ်များသို့ မြို့ပေါ်ရပ်ကွက်များနှင့် အမြို့မြို့ အနယ်နယ်မှ ဝါသနာရှင်များက အေးချမ်းပျော်ရွှင် စွာဖြင့် လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.