အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းတွင် မိုးကြိုးပစ်ခံရမှုကြောင့် တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိ



ဧပြီ ၃

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Zabul ပြည်နယ် Mizan ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့က မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း Bakhtar သတင်းဌာနက ယမန်နေ့ညကဖော်ပြခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီး ထိဒဏ်ရာရရှိသူ အားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုသတင်းဌာနက ဖော်ပြခဲ့သည်။

ယခင်က မိုးကြိုးပစ်မှုကြောင့် မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်တွင် သိုးထိန်းတစ်ဦးသေဆုံးခဲ့ပြီး အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးလေးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်းတွင် လူ ၅၁ ဦးသေဆုံးပြီး အခြား ၈၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.