ဂန့်ဂေါမြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိ
ဂန့်ဂေါ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အပူရှောင်စခန်းကို သာသနာ့ဗိမာန်တော်ကြီး အောက်ထပ်တွင် ကြိုတင်ပြင်ဆောင်ရွက်ထားရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးဝင်းနှင့် အဖွဲ့ဝင်များက အပူရှောင်စခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ဧပြီ ၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။
ဂန့်ဂေါမြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်ပြီး အပူချိန် ၄၁ ဒီဂရီရှိသောကြောင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနွယ်ခြင်း၊ သတိလစ်ခြင်း လက္ခဏာများ ဖြစ်ပေါ်လာပါက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး အပူရှောင်လာရောက်သူများအတွက် ရေ၊ လျှပ်စစ်မီး၊ ပန်ကာ၊ သောက်ရေသန့်နှင့် နေရာထိုင်ခင်းများကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သာသနာ့ဗိမာန်တော်ကြီးတွင် အပူရှောင်လာရောက်လိုပါက ဒေသတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့် ဆက်သွယ်ကာ လာရောက်အပူရှောင်နိုင်ကြောင်းနှင့် အပူရှောင် လာရောက်သူများကို အာဟာရဒါနများ ကျွေးမွေးနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)

No comments