ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ဆေး
နေပြည်တော် ဧပြီ ၁၁
ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး
ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် မုခ်ဦး တည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနား
ကျင်းပနိုင်ရေး ဆောင်ရွက်ထားမှု၊ ယိမ်းအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်ရေးကိစ္စ၊
သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေမှု၊ ရေရရှိရေး
ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ရင်ပြင်၌ကျင်းပမည့်
လမ်းလျှောက်သင်္ကြန်၌ နိုင်ငံကျော်တေးသံရှင်များက အကြိုနေ့ နံနက်ပိုင်းမှ စတင်ဖျော်ဖြေမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments