ဆိပ်ဖြူမြို့နယ်၌ အပူဒဏ်အန္တရာယ် လျော့ကျရေးလုပ်ငန်းများ စီမံဆောင်ရွက်

 




ဆိပ်ဖြူ ဧပြီ ၁၉


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ် လျော့ကျရေး လူစည်ကားသည့်နေရာများအား ရေသယ်ယာဉ်များဖြင့် ရေဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


နေအပူချိန်မြင့်မားသည့်အချိန်အတွင်း ဒေသခံပြည်သူများ အပူဒဏ်လျော့ပါးသက်သာစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ပတ္တမြားဈေးနှင့် အများအသုံးပြုလျက်ရှိသည့် လမ်းမကြီးနေရာတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ်များ၊ ပုဂ္ဂလိကပိုင်ရေသယ်ယာဉ်များဖြင့် ရေဖျန်းပေးခြင်း၊ ရပ်ကွက်နေ သက်ကြီးဘိုးဘွားများအတွက် ရွှေမင်းဝန်သာသနာ့ဗိမာန်၌ အပူရှောင် စခန်းဖွင့်လှစ်ထားခြင်း၊ အပူဒဏ်အန္တရာယ်ကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ကုသဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးများနှင့် အထူးကြပ်မတ်ကုသ ဆောင်နေရာများလည်း ကြိုတင်စီမံဆောင်ရွက်ထားကြောင်း သိရသည်။ 

 

ကိုဇွဲ(အညာမြေ)

No comments

Powered by Blogger.