ဂျပန်နိုင်ငံ ဟီရိုရှီးမားစီရင်စုရှိ ဆေးဝါးစက်ရုံပေါက်ကွဲမှုကြောင့် ငါးဦး ဒဏ်ရာရရှိ
ဧပြီ ၂၈
ဂျပန်နိုင်ငံ ဟီရိုရှီးမားစီရင်စုရှိ ဆေးဝါးစက်ရုံတွင် သိုလှောင်ကန်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ဒဏ်ရာရရှိသူ ငါးဦးအနက် ပြင်းထန်စွာ ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်းနှင့်၎င်းတို့အားလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကျိုဒိုနယူးစ်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် မီယိုရှီမြို့တွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သတင်းပို့သည့် ဖုန်းခေါ်ဆိုမှုကို ဒေသခံ အရေးပေါ်ဌာနများက လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားသည်။
မီးသတ်သမားများက မီးငြှိမ်းသတ်မှုလုပ်ဆောင်နေဆဲဖြစ်ပြီး ဖြစ်ပွားသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments