ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဘရိုက်တန်အသင်း ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရန် နီးစပ်လာ
ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့
ဧပြီ ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို
ဂိုးပြတ်အနိုင်ရပြီး လာမယ့်ဘောလုံးရာသီ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ
ဘရိုက်တန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းအတွက် သွင်းဂိုး
တွေကို ပထမပိုင်းပွဲကစားချိန် သုံးမိနစ်မှာ ကာဒီယိုဂလုကတစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၅၆ မိနစ်မှာ ဟင်ရှယ်ဝုဒ်က
တစ်ဂိုး၊ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ ဒန်နီဝဲလ်ဘက်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ
ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ချယ်လ်ဆီးအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၄) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၀ အထိ
စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၆) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်တစ်နေရာရရှိဖို့
နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ဘရိုက်တန်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပြိုင်ပွဲစုံ
နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ နိုင်ပွဲရရှိအောင်
စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၃၄) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၇)
နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်း
ရဂိုးမရှိ ပရီမီယာလိဂ်ငါးပွဲ ဆက်ရှုံးပွဲနဲ့
ပထမဆုံးအကြိမ် ဆုံတွေခဲ့ရတာလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments