နတ်တလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်



နတ်တလင်း  ဧပြီ  ၂၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွာမရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးသန့်နှင့်  ကျန်းမာရေးဝန်ထမ်းများက အိမ်ခြေ(၅၀)အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေစည်ပေါင်း(၁၂၀)ခန့်အား အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးပြောကြားခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.