ဒေးဒရဲမြို့နယ်၌ (၆)ကြိမ်မြောက် နှစ်သစ်ဦးစတုဒိသာများ ကျွေးမွေးလှူဒါန်း

 


ဒေးဒရဲ ဧပြီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အမှတ်(၃) ရပ်ကွက် ဘုရားကြီးကွက်သစ် (ဘီ)လမ်း မိသားစုများက စုပေါင်း၍ (၆)ကြိမ်မြောက် နှစ်သစ်ဦး စုပေါင်းစတုဒိသာလှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက ကျွေးမွေးလှူဒါန်းကြသည်။

 

လှူဒါန်း

အဆိုပါ နှစ်သစ်ဦးစတုဒိသာ လှူဒါန်းပွဲကို အလှူရှင် ၃၇ ဦးက ထမင်းနှင့် ဟင်းများ၊ ပေါင်မုန့် အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်ဟင်းခါး၊ ကြာဆံချက်၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ရေခဲမုန့်နှင့် အအေးများကို ဘုရားကြီးကွက်သစ် (ဘီ)လမ်းတစ်လျှောက်တွင် ကျွေးမွေးလှူဒါန်းခဲ့ရာ လာရောက်စားသုံးသူ ပြည်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.