မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
မိုင်းယောင်း ဧပြီ ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်
ဝမ်ကောင်းကျေးရွာ၌ ဧပြီ ၁၉ ရက်က အသိပညာပေး ဟောပြောပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးသက်ဆွေနှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ကင်းစင်ရေး၊
လူငယ်ရေးရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ဆီထွက် သီးနှံနေကြာ လျာထားချက်
ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊
ရော်ဘာ၊ ကော်ဖီနှင့် လက်ဖက်များ ကုန်ချောထုတ်လုပ်နိုင်ရေး၊ ထပ်လုံစေတီတော်အတွက် လှူဒါန်းမှုအစုစုအား
ရေစက်ချ အလှူမင်္ဂလာကျင်းပနိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ နမ့်ယောင်းချောင်း
သန့်ရှင်းရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးတို့ကို
အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
.jpg)
No comments