ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ပံ့ပိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
ပေါင် ဧပြီ ၁၉
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ
ကန်သာယာရပ်၌ ဧပြီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန
ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ ပံ့ပိုးငွေများ၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို
ယနေ့နံနက်ပိုင်းက မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်သည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများက အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍
အားပေးစကား ပြောကြားသည်။ ဆက်လက်၍ မီးဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ်
၂၂၀၀၀၀၀၊ အိမ်ထောင်စု ၁၁ စုရှိ လူဦးရေ ၅၅ ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေကျပ် ၂၇၅၀၀ဝ နှင့်
စုစုပေါင်း တန်ဖိုးငွေ ၁၇၄၇၈၉၈ ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး ၁၁ ပုံးတို့အား
ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)

No comments