ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားရင်ပြင်တော်ပေါ်၌ သန့်ရှင်းရေး ဆောင်ရွက်

 


ညောင်ဦး ဧပြီ ၁၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ နှစ်ဦးကုသိုလ်ပြုလုပ်သူများ၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့် အဖွဲ့ဝင်များသည် ဗူးဘုရားရင်ပြင်တော်ပေါ် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆီမီး၊ ဆွမ်း၊ ပန်းကပ်လှူခြင်း၊ စာချ၊ စာသင်တိုက်ကြီးများတွင် ဆွမ်းဆန်၊ ပဲဝါနှင့် ပဲဆီများ လှူဒါန်းသည်။

 

ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက နှစ်ဦးကုသိုလ်အဖြစ် ဗူးဘုရားစေတီတော်ရင်ပြင်တော်ပေါ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အာရုံခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ရောင်တော်ဖွင့်ခြင်း၊ ဗူးဘုရားစေတီတော်အား ဆီမီး၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ကျန်စစ်သား ဥမင်စာသင်တိုက်ကြီး၊ လောကနန္ဒာစာသင်တိုက်ကြီးနှင့် သာသနာ့ရောင်ခြည် သီလရှင် စာသင်တိုက်တို့အတွက် ဆွမ်းဆန်၊ ပဲဝါနှင့် ပဲဆီသန့်တို့အား နှစ်ဦး ကုသိုလ်အဖြစ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း

No comments

Powered by Blogger.