မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး သန့်ရှင်းသပ္ပာယ်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


ဟိုင်းကြီးကျွန်း ဧပြီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား နှစ်သစ်အခါသမယတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်စေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ပလကဖတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်သည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများ၊ ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ၊ ပလကဖတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ လုံးပတ်တော်နှင့် အရံစေတီများ၌ ကပ်ငြိနေသော ဖုန်နှင့် အညစ်အကြေးများအား ရေသပ္ပာယ်ပြီး ရေပတ်ဝတ်များဖြင့် ရောင်တော်ဖွင့်ခြင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ကုန်းတော်တစ်လျှောက် တံမြက်စည်းလှည်းခြင်း၊ စေတီတော်မြတ်ကြီး၏ ပထမရင်ပြင်နှင့် ဒုတိယရင်ပြင်ရှိ ညစ်ပေနေသော နေပူခံ ကျောက်ပြားများအား ရေလောင်းဆေး၍ ရေပတ်ဝတ်များဖြင့် ပွတ်တိုက်ခြင်းနှင့် ကုန်းတော်ပတ်ဝန်းကျင်ရှိ သာသနိက အဆောက်အအုံများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားပွဲတော် ကာလအတွင်း ကျန်ရစ်သော အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းညီညွတ်စွာဖြင့် ဆောင်ရွက်ကြပြီး အမှိုက်များအား ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်း(ပြန်/ဆက်)

No comments

Powered by Blogger.