ပေါင်မြို့နယ်၌ ဆောင်းသီးနှံရိတ်သိမ်းချိန် ရွှေဖရုံသီးများ ဈေးကောင်းရရှိ



ပေါင် ဧပြီ ၂၆

 

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံများ ရိတ်သိမ်းချိန် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။

 

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံများကို မိုးစပါးများ ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှစ၍ ရွှေဖရုံသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ရွှေဖရုံပင်များကို စိုက်ပျိုးရာတွင် စိုက်ခင်းများ ရေမဝပ်စေရန် အထူးဂရုပြုရပြီး သဘာဝဓာတ်မြေသြဇာများ စနစ်တကျ ထည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရကြောင်း ကျုံကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။ ရွှေဖရုံသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို အခြားဒေသများမှ ကုန်စိမ်းကုန်သည်များက လာရောက်ဝယ်ယူကြပြီး ရွှေဖရုံသီးတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.