ပူတာအိုမြို့၌ အမျိုးသား /အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ



ပူတာအို ဧပြီ ၂၆

 

ကချင်ပြည်နယ် ၂၀၂၆ ခုနှစ် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖလားအမျိုးသား/ အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးဒခွမ်ဇိန်က ပြိုင်ပွဲတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင် မိဘပြည်သူများက ကွင်းဖွင့်ပွဲအနေဖြင့် ဇီးအွန် (FC) ဘောလုံးအသင်းနှင့်ဂါးထု (FC) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြရာ ဂါးထု(FC) ဘောလုံးအသင်းက ဇီးအွန် (FC)ဘောလုံးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 

အဆိုပါပြိုင်ပွဲသို့ ပူတာအို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသားဘောလုံး အသင်း ၁၂ သင်း၊ အမျိုးသမီးဘောလုံးအသင်း လေးသင်းတို့က ဧပြီ ၂၅ ရက်မှ မေ ၉ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.